Thursday, 23 July 2009

ဟာသများ



မှားလို့ပါ

မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .
“ ကိုင်း . . . အ၀တ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”
“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ”

ချောလို့ ဟုတ်ဖူး

“ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး
ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ”
“ဘာဖြစ်လို့လဲ”
“တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ
မနေ့က ပြောင်းထိုင်လိုက်လို့လေ”

ဈေးလျှော့ ပါ

ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။
“ဈေးဘယ်လောက်လဲ ”
“၄၀ ပါ”
“၃၀ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်”
မြဲမြဲကိုင်

စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”

မယုံဘူးတဲ့

နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းက မိန်းမများကိုစုရုံးစေသည်။
" အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကို တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးရင်ရှေ့တစ်လှမ်း
တိုးစမ်း"
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာရှိသော မိန်းမတစ်ယောက်သာ နေရာတွင် မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . .
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်"


ရီလိုက်ရတာ မနည်းပါပဲ



(၁)
တခါက သန်းရွှေသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း ရန်ကုန်စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

သန်းရွှေ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်..
....ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မကပ်ဘူးလို့ ပြောကြတယ်။
သန်းရွှေ......မဖြစ်နိုင်တာ

ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

သန်းရွှေ.......ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

(၂)
တခါက သန်းရွှေသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင် လုယုက်သူနှင့် တိုးသည်။

လုယက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
သန်းရွှေ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ
လုယက်သူ.......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး

(၃)
တခါက သန်းရွှေသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် နေပြည်တော်မှ ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး ဆေးရုံသို့ ရောက်သွားကြသည်။ သန်းရွှေ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..ဗိုလ်သန်းရွှေ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ

(၄)
တခါက သန်းရွှေသည် စိတ္တဇဆေးရုံ (ကြံဖွတ်ရုံး)သို့ သွားရောက် ကြည့်ရှုခဲ့သည်။
ကြံဖွတ်ရုံးရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "ဗိုလ်ချုပ်မှုးကြီး ကျန်းမာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..." ဟု ကောင်းချီးပေးကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ သန်းရွှေအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော်
"ဒီလူနာက ငါ့ကို မြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။

ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်" ဟူတည်း။

0 comments: