Tuesday, 21 July 2009
ဟာသတိုများ
အစောကြီး(၁)
အလုပ်သွားတော့မည့် ယောကျာ်းကို မိန်းမကပြောသည်။
``ထုံးစံအတိုင်းမူးပြီး နောက်ကျမှပြန်လာမှာမဟုတ်လား´´
``မိန်းမကလဲကွာ စိတ်ချ ငါ..အစောကြီးပြန်လာမှာ မင်းတောင်နိုးဦးမယ်..မဟုတ်ဘူး။´´
ဘ၀တူ(၂)
အဘိုးဖြစ်သူက မြေးကိုပြောသည်။
``ဘိုးဘိုး အခုထိ မှတ်မိနေသေးတယ်၊တစ်နေ့ အိပ်ရာကစောစောမထရကောင်းလားဆိုပြီး
ဘိုးဘိုး ရဲ့ အဖေ ဘိုးဘိုးကို ရိုက်တယ်ကွယ့်။´´
``သြော်...ဘိုးဘိုးမှာလည်း အဖေရှိခဲ့တာကိုး။´´
ဓာတ်ပုံဆရာ(၃)
ချာတိတ်တစ်ယောက် မွေးမြူရေးခြံထဲပြေးဝင်လာပြီး အော်ပြောသည်။
``လုပ်ကြပါဦး ကျွန်တော့်ဖေဖေနောက်ကို နွားကြီးတစ်ကောင်ပြေးလိုက်နေတယ်၊
ကျွန်တော့်ကို ကူပါဦး။´´
``မင်းကို ဘယ်လိုကူရမှာလဲ။´´
``ကျွန်တော့် ကင်မရာထဲ ဖလင်ထည့်ပေးပါ၊ကျွန်တော် ဖလင်မထည့်တတ်သေးဘူး။´´
တူနေလို့(၄)
``ဟေ့လူ..ခင်ဗျား ဘာလို့ထောင်ကျတာလဲ။´´
``ကျွန်တော်လုပ်တဲ့ ငွေစက္ကူနဲ့တစ်ထေရာတည်းတူတဲ့ ငွေစက္ကူကို နိုင်ငံတော်ကလည်း
ထုတ်တယ်ဆိုတာ တစ်နေ့ပေါ်သွားလို့။´´
ဝန်နဲ့အား(၅)
ဆင်နှင့်မျောက်တို့ တံတားကိုဇြတ်ပြီးလျှောက်လာကြသည်။`ကျွီ ကျွီ ကျွီ´
ဆိုသော အသံနှင့်အတူတံတားကွေးသွားသည်ကိုကြည့်ပြီးဆင်ကစိုးရိမ်တကြီးပြောသည်။
``ဟေ့...မျောက် ကြည့်စမ်း၊တံတားကွေးသွားပါလား။´´
``မကွေး ခံနိုင်ရိုးလား၊တို့နှစ်ယောက်တောင်...လျှောက်လာတာကိုးကွ။´´
မြန်မြန်ခုန်ပါ(၆)
မိမိကိုယ်မိမိသတ်သေရန် ဆုံးဖြတ်ထားပုံရသည့် လူတစ်ယောက် မိုးပျံတိုက်၏ခေါင်မိုးပေါ်မှ
ခုန်ချရန်ပြင်နေသည်။အောက်မှ လူအုပ်သည် အပ်ါသို့စိုးရိမ်စွာမော့ကြည့်နေကြသည်။
မိန်းမတစ်ယောက်က ဘေးကလူကိုပြောသည်။
``ဘုရား...ဘုရား၊နောက် ငါးမိနစ်အတွင်းသာ သူ မခုန်ချရင်တော့ ကျွန်မ
ရုံးနောက်ကျမှာသေချာပြီ။´´
မရှိဘူး(၇)
``ယောကျာ်း မရှိဘူးလား။´´
``ဟင့်အင်း၊နှစ်ခါရှိပြီ မရှိတာ။´´
အကူအညီ(၈)
ကိုဘမောင်၏ ယောက္ခမဖြစ်သူ ဒေါ်သဲညှာသွားသည်၊ မှုခင်းဆရာဝန်က သေရခြင်းအကြောင်း
နှင့်ပတ်သတ်၍ ကိုဘမောင်ကိုစစ်ဆေးမေးမြန်းသည်။
``ခင်ဗျား ယောက္ခမဘာကြောင့်သေရတယ်ထင်လဲ။´´
``အဆိပ်ပြင်းတဲ့ မှိုစားလို့။´´
``ဒါဖြင့်ရင် သူ့လည်ပင်းမှာ ဒဏ်ရာလိုလို အမည်းကွက်ရှိနေရတာလဲ။´´
``မှိုကို သူကဟာသူမစားချင်ဘူးလေ၊ဒါကြောင့် အဲဒါစားဖြစ်အောင်
ကျွန်တော်ကူပေးလိုက်တာ။´´
ဒါကြောင့်(၉)
``မောင်ပီတာ သဲကန္တာရထဲမှာ လူတွေဘာကြောင့် ကုလားအုတ်စီးတာလဲ။´´
``ဖိနပ်ထဲ သဲမ၀င်အောင်လို့ပါ။´´
လာနေတုန်းပဲ(၁၀)
ကိုချူချာကို ၀ိုင်းမေးကြသည်။
``ကမ္ဘာပေါ်မှာ ဘယ်လူမျိုးက အထုံအထိုင်းဆုံးလဲဗျ။´´
``အာမေးနီးယန်းတွေပေါ့။´´
``ဘာဖြစ်လို့လဲ။´´
``ကျုပ်ရဲ့အိမ်ရှေ့ တည့်တည့်က အိမ်မှာ အာမေးနီးယန်းသားတစ်ယောက်နေတယ်၊
ကျုပ်မိန်းမဆီကို မလာနဲ့လို့ ကျုပ်သူ့ကိုနေ့တိုင်းပြောတယ်။ဒါပေမယ့် သူနားမလည်ဘူး။´´
လောင်စာ(၁၁)
ပီတာလေးသည် အိမ်ကကြောင်ကိုဓာတ်ဆီတိုက်သည်။ကြောင်သည် ခြေလှမ်း လေး၊
ငါး လှမ်း လှမ်းပြီးနောက် ဗိုင်းခနဲလဲကျသွားသည်။ပီတာလေးတွေးသည်။
``အင်း ဓာတ်ဆီ ကုန်သွားလို့ဖြစ်မှာပဲ။´´
ကိုယ့်ကိစ္စကိုယ်ရှင်း(၁၂)
တယ်လီဖုန်းသံ မြည်လာသည်၊အိမ်ရှင်ယောကျာ်းက တယ်လီဖုန်းကိုကောက်ကိုင်လိုက်သည်။
``ဟဲလို၊ခင်ဗျားရဲ့ယောက္ခမကြီး ကျွန်တော်မွေးထားတဲ့ မိချောင်းကန်ထဲကျသွားတယ်။´´
အိမ်ရှင်ယောကျာ်းက မကျေမနပ်သံဖြင့်ပြန်ပြောသည်။
``မိချောင်းက ခင်ဗျားမွေးထားတဲ့ မိချောင်းပဲ၊ကျုပ်နဲ့ဘာဆိုင်လို့လဲ
ကိုယ့်မိချောင်း ကိုယ်ကယ်ပေါ့ဗျ။´´
ရှေးဟောင်းနာရီကိုး(၁၃)
ဆိုဖာပေါ်တွင် ယောက္ခမထိုင်နေသည်။၎င်း ခေါင်းပေါ်တည့်တည့်တွင် ရှေးဟောင်း
တိုင်ကပ်နာရီကြီးကို ချိတ်ထားသည်။ထိုင်နေရာမှ ရုတ်တရက် ယောက္ခမကြီးက ထသွားသည်။
စက္ကန့်ပိုင်းအတွင်း တိုင်ကပ်နာရီ ကြီးပြုတ်ကျသည်။သမက်ဖြစ်သူက ကြိတ်မနိုင်
ခဲမရသံဖြင့် ပြောသည်။
``တော်တော့ကို အသုံးမကျတဲ့ နာရီ၊အမြဲတမ်းနောက်ကျတယ်။´´
ပျောက်စေ(၁၄)
ူ
လူတစ်ယောက် ပျောက်စေဆရာထံ ရောက်လာပြီး အစာအိမ်ရောဂါကို ခံစားရကြောင်းလာပြောသည်။
ပျောက်စေဆရာက သူ့ကိုစေ့စေ့ကြည့်လိုက်ပြီး ပြန်ပြောသည်။
``ဘယ်ကလာ...အစာအိမ်ရောဂါရမှာလဲ။ခင်ဗျားမှာ ကင်ဆာရောဂါဗျ။´´
ထူးဆန်းတာဖြစ်သည်။ထိုလူနာ အစာအိမ်ရောဂါအကြောင်း လုံးဝမေ့သွားတော့သည်။
ဝေးလေကောင်းလေ(၁၅)
လူကြီးတစ်ယောက် ဘီယာဘားထဲ ၀င်လာသည်။လက်နှစ်ဖက်လုံး ကျိုးပြီး
ကျောက်ပတ်တီးစည်းထားသည်။ဘားမင်းထံ လျှောက်သွားပြီပြောသည်။
``ဘီယာဖိုးပေးဖို့ ကျွန်တော့်အိတ်ထောင်ထဲက
ပိုက်ဆံကိုနှိုက်ထုတ်ပေးပါလားဗျာ။မြင်တဲ့ အတိုင်း.....
ကျွန်တော့် လက်နှစ်ဖက်လုံးကျိုးနေလို့ပါ။´´
``ရပါတယ်။´´
``ကျွန်တော် သောက်နိုင်အောင် ဘီယာခွက်ကို ကျွန်တော့်နှုတ်ခမ်းနား..ကပ်ပေးပါလားဗျာ။´´
``ရပါတယ်။´´
ထိုနည်းဖြင့် ဘီယာခွက် အတော်များများ သောက်ဖြစ်သွားသည်။
``အိမ်သာ ဘယ်နားမှာရှိတယ်ဆိုတာပြောပြပါလားဗျာ။´´
``ရပါတယ်..။ဆိုင်ကထွက်ပြီး ညာဘက်ကိုလျှောက်၊လေးတိုက်ကျော်
ဓာတ်ဆီဆိုင်မှာရှိပါတယ်။´´
မြည်းသို့မဟုတ် အင်ဂျင်နီယာ(၁၆)
ပီရူးနိုင်ငံရှိ တောရွာကလေးတစ်ရွာကိုဖြတ်၍ မော်တော်ကားလမ်းဖောက်နေသည်။ဤသည်ကို
လူတစ်ယောက် အချိန်အတန်ကြာအောင် စိတ်ဝင်တစား ထိုင်ကြည့်နေသည်။၎င်းအနား သို့
အင်ဂျင်နီယာ ကပ်လာပြီးပြောသည်။
``ဟဲလို..ကျွန်တော့်နာမည် စတီဗင်ပါ။ဒီလမ်းဖောက်ရာမှာ တာဝန်ခံ အင်ဂျင်နီယာပါ။´´
``ဟုတ်ကဲ့..ကျွန်တော် ဟိုဘက်ရွာက ဖက်ဒယ်ရစ်ကိုဒီးယားစ် ပါ။´´
``ခေတ်မီမော်တော်ကားလမ်းတစ်ခုကို ဘယ်လိုဖောက်လဲဆိုတာ..ခင်ဗျားအခုမှတွေ့ဖူးတယ်
ထင်တယ်။မိတ်ဆွေတို့ရွာမှာ လမ်းဘယ်လိုဖောက်သလဲဗျ။´´
``ကျွန်တော်တို့ရွာမှာ လမ်းဖောက်ဖို့ဖြစ်လာရင် မြည်းအိုကြီးကို ကျွန်တော်
တို့လွှတ်လိုက်တာပဲ။
ဒီကောင်က အတိုဆုံးပြီးတော့ အန္တရာယ် လည်းအကင်းဆုံးဖြစ်တဲ့လမ်းအတိုင်း
ဖြတ်လျှောက်တယ်။
အဲ့ဒါကိုကြည့်ပြီး ကျွန်တော်တို့လမ်းဖောက်တာပဲ။´´
``ရွာထဲမှာ ဘယ်အိမ်မှ မြည်း မရှိဘူးဆိုရင်ကောဗျာ။´´
`အဲဒါဆို...အင်ဂျင်နီယာ ခေါ်လိုက်တာပဲ။´´
မဖြစ်စေရဘူး(၁၇)
``ဒေါက်တာ..ကျွန်တော့်ကိုအမှန်အတိုင်းပြောပါ။အရက်သောက်လိုက်ရင် သွေးကြောတွေ
ကျယ်လာတယ်ဆိုတာ အဟုတ်ပဲလား ခင်ဗျာ။´´
``ဟုတ်ပါတယ်။´´
``ကျေးဇူးပဲ ဒေါက်တာ။ကျွန်တော် အဲဒါကိုပဲကြားချင်နေတာ။´´
``ဒါပေမဲ့..နောက်မကြာခင် သွေားကြောတွေ ပြန်ကျုံသွားမှာပဲ။´´
``မကျုံသွားအောင်လုပ်ဖို့က..ကျွန်တော့်တာဝန် ဖြစ်သွားပြီပေါ့ဒေါက်တာရယ်..ဟဲဟဲ။´´
Posted by ဟာသတိုများ စုစည်းထားသည် at 10:01
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment