အကြွင်းမဲ့ချစ်တတ်ကြပါစေး ဟာသတိုများ
(၁) တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့အယူတစ်ခုရှိခဲ့တယ်။တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်ကမိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "
(၂)တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်းပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာစူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကိုသူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကိုကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကိုတွေ့လိုက်တယ်။လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ?ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ" လို့ မေးတော့ အဘိုးအိုစကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။
(၃)တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ၎ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့်အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်းဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ..." ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။အရင်အသံလိုပဲ.." ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီနံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။
(၄)နေရာ ... စိတ္တဇဆေးရုံဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"နောက်တစ်နေ့ ....နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်ကရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီးပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်းမစားချင်ဘူးလားကွ" ဟူတည်း။
(၅)ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံအကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့်ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကိုဤသို့ခိုင်းနှိုင်းပြသည်။"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှ
ာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။
(၆)ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်းအမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့်"ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက"ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။
(၇) တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက်လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက်ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက်ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံးလက်ခုပ်ဝိုင်းတီးကြတော့တယ်..
(၈) ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံးဝယ်ပေးဖို့ Tom က အမေကို ပူဆာတယ်။ Tom က ဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက Tom ကို "Tomဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်"လို့ ပြောလိုက်တယ်။ဒါနဲ့ Tom က ဘုရားသခင်ထံ စာရေးတော့တယ်။"ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချစ်ဆုံး Tomလေးပါ။ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ် ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံးလက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။ Tom က စာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။"ဘုရားသခင်.. ကျွန်တော် Tom ပါ။ ဒီနှစ်အတွင်း ကျွန်တော်မကောင်းတာတွေလုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင်ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ပြင်ရေးလိုက်တယ်။Tom က စာကိုတစ်ခေါက် ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။"ဘုရားသခင်.. ကျွန်တော်ပါ.. Tomပါ။ ဟုတ်ပါတယ်.. ကျွန်တော် မကောင်းတာတွေတော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်"လို့ ပြင်ရေးပြီး ဘုရားကျောင်းကို သွားခဲ့တယ်။ ဘုရားကျောင်းမှာ Mary andJesus ရဲ့ ရုပ်တုကိုတွေ့တော့ Tom က စတုတ္ထမြောက် စာကိုရေးပြီးမယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာစာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့..."ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင်ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။
(၉) ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကိုသူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်ကိုကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေလေ့ကျင့်ပေးပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကိုကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီးခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို " ဒီပုရွတ်ဆိတ်ကိုကြည့်စမ်း" လို့ ပြောလိုက်တယ်။စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီးအားတုန့်အားနာနဲ့ " ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက်ချက်ချင်းလဲပေးမယ်" လို့ ပြောလိုက်တယ်။
Tuesday, 21 July 2009
ဟာသတိုများ
Posted by ဟာသတိုများ စုစည်းထားသည် at 09:35
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment