Friday, 1 January 2010

တွေ့မိမှတ်မိသမျှ



ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။

Saturday, 15 August 2009

တွေ့မိမှတ်မိသမျှ ဟာသ

တွေ့မိမှတ်မိသမျှ


ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

Friday, 24 July 2009

သူစကား ကိုယ်စကား ဟာသများ

သူစကားကိုယ်စကား ဟာသများ

မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….

Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…

Where u go?

Reclining Buddha. (လျောင်းတော်မူဘုရား)

ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက

Yes. Yes. 1500 kyats.

Ok.

ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…

ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ

ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)

ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…

ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….

ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….
-------------------------------------------------------------------------------------------------------------------

တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..

ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…

Are u crazy?

အာ ယူ ကလေးစီး… တဲ့....

ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး

This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း
လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….
------------------------------------------------------------------------------------------------------------------------------
ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ

အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..

အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…

ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….

အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..

How much is it? (ဘယ်လောက်လဲ)

It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…

Oh… very Expensive….

အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…

မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….
-----------

တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…

Where is toilet? ဆိုတော့…

အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…

This way… you go. You go and ကွေ့ ...... ကွေ့ go ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…
သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့….

အိန္ဒိယ ဟာသများ

အိန္ဒိယဟာသများ
မင်းတို့ပဲ စွမ်းသလား


နိုင်ငံရပ်ခြားက တိုးရစ်စ် တစ်ယောက်ဟာ ဒေလီ နဲ့ အက်ဂရာမှာ သူ့ကို လိုက်ပို့ဖို့ အိန္ဒိယ ဧည့်လမ်းညွှန် တစ်ယောက်ကို ငှားပါတယ်။ ဒေလီက ခံတပ်နီကြီး ကို ရောက်တဲ့အခါမှာတော့ ဗိသုကာ လက်ရာတွေကို သဘောကျလို့ ဘယ်နှစ်နှစ် ကြာအောင် ဆောက်ရသလဲ လို့မေးပါတယ်။ ဧည့်လမ်းညွှန်က “နှစ် ၂၀ ကြာပါတယ်။” လို့ ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယက ကောင်တွေ ငပျင်းတွေပဲ။ ငါတို့ တိုင်းပြည်မှာ ဒါမျိုးဆောက်ရင် ၅ နှစ်နဲ့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြန်ပြောပါတယ်။

အက်ဂရာကို ရောက်တဲ့ အခါမှာတော့ တာ့ဂ်ျမဟာရ် ဂူသင်္ချိုင်းကြီးရဲ့ အလှအပတွေကို သဘောကျလို့ ဘယ်နှစ်နှစ်ကြာအောင် ဆောက်ရသလဲလို့ မေးပြန်ပါတယ်။ ဒီတစ်ခါတော့ “ဆယ်နှစ်ပဲ ကြာပါတယ်။” လို့ ဧည့်လမ်းညွှန်က ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယကကောင်တွေ အလုပ်လုပ်တာ အတော်နှေးတာပဲ။ ငါတို့ဆီမှာ ဆိုရင် ဒီလို အဆောက်အဦးမျိုးကို ၂ နှစ်ခွဲနဲ့ ဆောက်လို့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြောပြန်ပါတယ်။

အဲဒီလိုနဲ့ တိုးရစ်စ်ဟာ သူသဘောကျသမျှ အဆောက်အဦးတိုင်းကို သူတို့ တိုင်းပြည်မှာ ဆိုရင် အချိန် ၄ ပုံ ၁ပုံလောက် သုံးရင် ပြီးတယ် ဆိုပြီးတော့ ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဒေလီက ကူတပ် မိုင်နာ တာဝါကြီး ကို ရောက်လာပါတယ်။ တိုးရစ်က “ဒါဘာကြီးလဲ” လို့ မေးတော့ ဧည့်လမ်းညွှန်က “မသိဘူး။ မနေ့က ညနေကအထိတော့ ဒါကြီး မရှိသေးဘူး။” လို့ ပြန်ဖြေ လိုက်ပါတယ်။

မှားတဲ့လိပ်စာ

ဆင်းရဲသားတစ်ယောက်ဟာ ဘုရားကျောင်း အပြင်ဘက်မှာ ထိုင်ပြီး ပိုက်ဆံတောင်း နေပါတယ်။ “ဘဂဝမ်ရဲ့ မေတ္တာနဲ့ ဒီလူဆင်းရဲ ဗိုက်ပြည့်အောင် ပိုက်ဆံလေး နည်းနည်းလောက် မစကြပါ။ ဘဂဝမ်က ခင်ဗျားတို့ကို စောင့်ရှောက်ပါ လိမ့်မယ်။” လို့ သူက အော်ဟစ် နေပါတယ်။ ဒါပေမယ့်လည်း ဘုရား လာရှိခိုးတဲ့ သူတွေက သူ့ကို ပိုက်ဆံ နည်းနည်းလေးပဲ ပေးကြပါတယ်။ စိတ်ပျက်လာတာနဲ့ သူတောင်းစားဟာ ဘုရားကျောင်းက ထွက်လာပြီး အရက်ဆိုင်တစ်ဆိုင် ရဲ့ အပြင်ဘက်မှာ ထိုင်နေပါတယ်။ “ဘဂဝမ်ရဲ့ မေတ္တာနဲ့ တစ်ပြား နှစ်ပြားလောက် စွန့်ကြဲကြပါ။” လို့ သူက အော်ပါတယ်။ ဆိုင်ထဲကနေ မူးပြီး ထွက်လာတဲ့ သူတွေက ရူပီး ငွေတွေကို သူ့ခွက်ထဲကို ထည့်သွားကြပါတယ်။ ဘုရားကို ကျေးဇူးတင်လို့ သူတောင်းစားက ဒီလို ပြောပါတယ်။ “ဟေး ဘဂဝမ်။ ကျွန်ုပ်တော့ နားမလည် နိုင်တော့ဘူး။ အသင် ကျွန်ုပ်ကို ပေးတာ လိပ်စာက တစ်မျိုး။ နေတော့ အခြားတစ်နေရာ။ ဘယ်လို ဖြစ်တာလဲ။”

မြို့ တော်ဖြစ်အောင်

ဆိုနုက မအိပ်ခင် ဆုတောင်းနေပါတယ်။ “ ဘုရားသခင်။ ကျေးဇူးပြုပြီး နေပယ်လ်ကို အီတလီရဲ့ မြို့တော် ဖြစ်အောင် စောင်မတော်မူပါ။ ကျေးဇူးပြုပြီး စောင်မတော် မူပါ။”

“နေပါဦး။ မင်းက ဘာကိစ္စ နေပယ်လ် ကို အီတလီရဲ့ မြို့တော် ဖြစ်စေချင်ရတာလဲ။” လို့ ဆိုနု ရဲ့ အမေက မေးပါတယ်။

“ဘာလို့လဲ ဆိုတော့ ဒီတစ်ခါ ပထဝီ စာမေးပွဲမှာ အဲဒီလို ဖြေလိုက်လို့ပေါ့။” လို့ ဆိုနု က ပြန်ဖြေလိုက် ပါတယ်။

မာလိုးနိမ်း

တစ်ခါက နိုင်ငံခြားသား တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။ တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာ ရောက်တော့ အလွန်ခမ်းနားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ပါတယ်။ အဲဒါနဲ့ သူက တက္ကစီ ဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာ အရောက်မှာ အပျံစား ကားကြီး တစ်စီးကို တွေ့ပြန် ပါတယ်။ အဲဒီ အခါမှာလည်း သူက “ဒါဘယ်သူ့ ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။ တက္ကစီ ဒရိုင်ဘာက “ မာလိုးနိမ်း” လို့ ပြန်ဖြေ ပြန်ပါတယ်။ နိုင်ငံခြားသားကတော့ မာလိုးနိမ်းဆိုတဲ့သူ အတော် ချမ်းသာတာပဲ လို့ တွေးပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။ နိုင်ငံခြားသားကတော့ “အော်။ မာလိုးနိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ် လိုက်ပါတယ်။
(မာလိုးနိမ်း= မသိဘူး။) :D

သင့်တော်တဲ့ အလုပ်

အရောင်းသမားတစ်ယောက်ဟာ ကပ်စတန်မာကို ရိုင်းရိုင်းပျပျ ဆက်ဆံတဲ့အတွက် အလုပ် ထုတ်ခံရ ပါတယ်။ တစ်လလောက် ကြာတော့ အရောင်းမန်နေဂျာက သူ့ကို ရဲ အဝတ်အစားနဲ့ လမ်းလျှောက်လာတာကို တွေ့ရပါတယ်။

“အော် ဘာနဂါ။ လက်စသပ်တော့ မင်းက ရဲအဖွဲ့ထဲ ဝင်လိုက်တာကိုး။” လို့ အရောင်းမန်နေဂျာက ပြောပါတယ်။

“ဟုတ်တယ် ဆရာ။ ဒါ ကျွန်တော် တစ်ဘဝလုံး ရှာနေတဲ့ အလုပ်ပဲ။ ဒီအလုပ်မှာ ကပ်စတန်မာက အမြဲမှားတယ်။ (Customer is always wrong.)”

ဆက်သွယ်ရေး
ဆက်သွယ်ရေး လက်ချာတစ်ခုမှာ ဆရာက မေးပါတယ်။

“အနီအောက် ရောင်ခြည် ဆက်သွယ်ရေး (Infrared Communication) က မကောင်းဘူး ဆိုတာ ဘယ်လို ဥပမာ ပြမလဲ။”

ရွှတ်နောက်နောက် ကျောင်းသားတစ်ယောက်က “အိန္ဒိယ လူမျိုးတွေကို ကြည့်ပါ ဆရာ။ သူတို့ နဖူးမှာ အနီစက်ကလေးတွေ ရှိတယ်။ အဲဒါ သူတို့ အချင်းချင်း Infrared နဲ့ ဆက်သွယ် နေကြတာပါ။ ဒါပေမယ့် ဖမ်းလို့ရတဲ့လှိုင်း (reception) က မကောင်းတော့ သူတို့ ခေါင်းတွေကို ခါနေရတယ်လေ။ အဲဒါမှ လှိုင်းမိမှာကိုး။” လို့ ပြန်ဖြေပါတယ်။

အဲဒီမှာ ဆရာက စိတ်ပေါက်ပေါက်နဲ့ “သူတို့တွေ ငယ်ငယ်ကတည်းက အနီစက်က ရှိလာတာပဲ။ မင်းပြောသလိုဆို တသက်လုံး ဆက်သွယ်လို့ အဆင်မပြေဘူး ဖြစ်နေမှာပေါ့။” လို့ ပြန်တွယ် ပါတယ်။

ကျောင်းသားက “သူတို့ကို အပြာရောင် အစက် ပြောင်းတပ်ခိုင်းလိုက်ပါ ဆရာ။ အဆင်ပြေ သွားပါလိမ့်မယ်။ Bluetooth က Infrared ထက် သာပါတယ်။” လို့ ပြန်ပြောလိုက်ပါတယ်။

(Reader Digest Best Jokes ထဲက ဟာသတွေ၊ SMS က ရတဲ့ ဟာသတွေ ၊ တခြားမှာ ကြားဖူးတဲ့ ဟာသတွေ ကို စုစည်းထားတာပါ။)

ကာတွန်းဆရာကြီး ဦးဘဂျမ်း (ဟာသ)

ဂျိုးဖြူရေရှားမှု (ကာတွန်း ဆရာကြီး ဦးဘဂျမ်း)

Thursday, 23 July 2009

ဟာသများ



မှားလို့ပါ

မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .
“ ကိုင်း . . . အ၀တ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”
“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ”

ချောလို့ ဟုတ်ဖူး

“ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး
ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ”
“ဘာဖြစ်လို့လဲ”
“တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ
မနေ့က ပြောင်းထိုင်လိုက်လို့လေ”

ဈေးလျှော့ ပါ

ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။
“ဈေးဘယ်လောက်လဲ ”
“၄၀ ပါ”
“၃၀ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်”
မြဲမြဲကိုင်

စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”

မယုံဘူးတဲ့

နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းက မိန်းမများကိုစုရုံးစေသည်။
" အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကို တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးရင်ရှေ့တစ်လှမ်း
တိုးစမ်း"
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာရှိသော မိန်းမတစ်ယောက်သာ နေရာတွင် မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . .
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်"


ရီလိုက်ရတာ မနည်းပါပဲ



(၁)
တခါက သန်းရွှေသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း ရန်ကုန်စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

သန်းရွှေ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်..
....ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မကပ်ဘူးလို့ ပြောကြတယ်။
သန်းရွှေ......မဖြစ်နိုင်တာ

ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

သန်းရွှေ.......ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

(၂)
တခါက သန်းရွှေသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင် လုယုက်သူနှင့် တိုးသည်။

လုယက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
သန်းရွှေ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ
လုယက်သူ.......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး

(၃)
တခါက သန်းရွှေသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် နေပြည်တော်မှ ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး ဆေးရုံသို့ ရောက်သွားကြသည်။ သန်းရွှေ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..ဗိုလ်သန်းရွှေ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ

(၄)
တခါက သန်းရွှေသည် စိတ္တဇဆေးရုံ (ကြံဖွတ်ရုံး)သို့ သွားရောက် ကြည့်ရှုခဲ့သည်။
ကြံဖွတ်ရုံးရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "ဗိုလ်ချုပ်မှုးကြီး ကျန်းမာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..." ဟု ကောင်းချီးပေးကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ သန်းရွှေအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော်
"ဒီလူနာက ငါ့ကို မြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။

ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်" ဟူတည်း။

ငါလဲ ဆုတောင်းရဦးမည်


(ဟစ်တိုင်မှ ကူးယူဖော်ပြသည်)

မြန်မာ ပြည်မှာ နတ်ယုံသူ နတ်ကိုးကွယ်သူ အများအပြားရှိပါသည်။

လူတစ်ယောက် နတ်ကွန်းတွင် လာရောက်ဆုတောင်းလေသည်။

“အရှင်မင်းကြီး ခင်ဗျား။ ကျွန်တော် တစ်ခြား ဆုမျိုး မတောင်းချင်ပါဘုရား။ကျွန်တော့ အလို ဆန္ဒကတော့။ ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်မျှတတဲ့ ဒီမိုကရေစီ ရဖို့ရယ် ၊ အကယ်၍ ဒီမိုကရေစီရဖို့ ကြာဦးမယ်ဆိုရင် လှပချောမောတဲ့ မိန်းမချော တစ်ယောက်ရယ်။ ငွေအလုံအလောက်ရှိဖို့အတွက်ကလည်း မြန်မာပြည်အတွက် ချပေးတဲ့ အင်၈ျီအိုမှာ ၀န်ထမ်း ဖြစ်ရင်ဖြစ်- မဖြစ်ရင်၊ ပရိုပိုဇယ် ရမယ့် အဖွဲ့ အစည်း တစ်ခုမှာ အဖွဲ့ ၀င်လူကြီး ဖြစ်ချင်ပါတယ် ခင်ဗျာ။”

ထိုညတွင် ဆုတောင်းသူ၏ အိပ်မက်ထဲ၌ နတ်မင်းကြီးတစ်ပါး ပေါ်လာလေသည်။

“ မင်းဆုတောင်းတာက သိပ်ကောင်းတယ်ကွာ၊ မင်း ဆုတောင်းပြည့်ရင် င့ါကို အသိပေးပါဦး၊ ငါလဲ ဒီလို ဆုမျိုး တောင်းရဦးမယ်” ဟုပြောသွားလေသတည်း။

Photo- www.yahoo.com/search/images


အာပြဲမောင် ၂၁။၎။၀၉